About The Author

......

13 Jan 2012

မြန်မာဖောင့်သွင်းစရာမလိုဘဲ Website တွေကို မြန်မာစာနဲ့မြင်ချင်သူများအတွက်

Root လုပ်စရာမလို မြန်မာ Font သွင်းစရာမလိုဘဲ Android ဖုန်း/Tablet ထဲမှာ Facebook သုံးတာတို့ Website ကြည့်တာတို့မှာ မြန်မာစာ နဲ့မြင်ရစေမယ့် 1st Myanamr Browser for Android ထွက်ရှိလို့လာပါပြီ။ iPhone/iPad တွေမှာ Jailbreak လုပ်စရာမလိုဘဲ မြန်မာစာမြင်ရစေတဲ့ မြန်မာ Browser တွေအများကြီးရှိပေမယ့် Android အတွက်တော့ ဒီ application လေးက ပထမဆုံးဖြစ်ပါတယ်။ ဒီ Browser လေးနဲ့Facebook သုံးရာမှာလည်း Root လုပ်စရာမလို ၊ ဘာမြန်မာဖောင့်မှသွင်းစရာမလိုဘဲ မြန်မာလိုမြင်နိုင်တာကိုတွေ့ရမှာပါ။ ဒီ Browser လေးက ဇော်ဂျီဖောင့်နဲ့ Win-Innwa ဖောင့်နှစ်မျိုးကို Support လုပ်ပါတယ်။
Website တွေကိုကြည့်ရာမှာလည်း မြန်မာစာကိုအဆင်ပြေပြေမြင်နိုင်တာကိုတွေ့ရပါတယ်
Flash ကိုအထောက်အပံပေးနိုင်ခြင်း နဲ့ တခြား browser နဲ့ကြည့်ရှုထားတဲ့ Browser Bookmarks တွေကို ဒီ Browser ထဲမှာ import လုပ်ပြီးကြည့်နိုင်ခြင်းဟာလည်း တော်တော်ကောင်းမွန်တဲ့အချက်တွေပဲဖြစ်ပါတယ်။ Android OS ဖုန်း/Tablet တွေကိုအသုံးပြုနေကြတဲ့ မြန်မာ Android User များအတွက် သတင်းကောင်းတစ်ခုပါပဲ။ 1st Myanmar Browser ကိုလိုချင်တယ်ဆိုရင်တော့ အောက်မှာရယူနိုင်ပါတယ်။





Source:http://www.myanmarmobileapp.com/

0 မှတ်ချက်ရေးမည်:

Post a Comment

Blog Tips