About The Author

......

Showing posts with label Android. Show all posts
Showing posts with label Android. Show all posts

13 Jan 2012

မြန်မာဖောင့်သွင်းစရာမလိုဘဲ Website တွေကို မြန်မာစာနဲ့မြင်ချင်သူများအတွက်

Root လုပ်စရာမလို မြန်မာ Font သွင်းစရာမလိုဘဲ Android ဖုန်း/Tablet ထဲမှာ Facebook သုံးတာတို့ Website ကြည့်တာတို့မှာ မြန်မာစာ နဲ့မြင်ရစေမယ့် 1st Myanamr Browser for Android ထွက်ရှိလို့လာပါပြီ။ iPhone/iPad တွေမှာ Jailbreak လုပ်စရာမလိုဘဲ မြန်မာစာမြင်ရစေတဲ့ မြန်မာ Browser တွေအများကြီးရှိပေမယ့် Android အတွက်တော့ ဒီ application လေးက ပထမဆုံးဖြစ်ပါတယ်။ ဒီ Browser လေးနဲ့Facebook သုံးရာမှာလည်း Root လုပ်စရာမလို ၊ ဘာမြန်မာဖောင့်မှသွင်းစရာမလိုဘဲ မြန်မာလိုမြင်နိုင်တာကိုတွေ့ရမှာပါ။ ဒီ Browser လေးက ဇော်ဂျီဖောင့်နဲ့ Win-Innwa ဖောင့်နှစ်မျိုးကို Support လုပ်ပါတယ်။
Website တွေကိုကြည့်ရာမှာလည်း မြန်မာစာကိုအဆင်ပြေပြေမြင်နိုင်တာကိုတွေ့ရပါတယ်
Flash ကိုအထောက်အပံပေးနိုင်ခြင်း နဲ့ တခြား browser နဲ့ကြည့်ရှုထားတဲ့ Browser Bookmarks တွေကို ဒီ Browser ထဲမှာ import လုပ်ပြီးကြည့်နိုင်ခြင်းဟာလည်း တော်တော်ကောင်းမွန်တဲ့အချက်တွေပဲဖြစ်ပါတယ်။ Android OS ဖုန်း/Tablet တွေကိုအသုံးပြုနေကြတဲ့ မြန်မာ Android User များအတွက် သတင်းကောင်းတစ်ခုပါပဲ။ 1st Myanmar Browser ကိုလိုချင်တယ်ဆိုရင်တော့ အောက်မှာရယူနိုင်ပါတယ်။





Source:http://www.myanmarmobileapp.com/
»»  အပြည့် စုံသို
Blog Tips